Blog Detail

  • blog post ft img-2_53.jpg

    Online ပေါ်က ‘scammer’ တွေကို ဘယ်လိုရှောင်မလဲ ?

    𝐎𝐧𝐥𝐢𝐧𝐞 ပေါ်မှာ အလုပ်အကိုင်အခွင့်အလမ်းကောင်း များစွာရှိနေပေမယ့် တစ်ခါတလေမှာ ❛𝐒𝐜𝐚𝐦𝐦𝐞𝐫❜ တွေရဲ့ ထောင်ချောက်ထဲ မတော်တဆ ရောက်သွားနိုင်တာကို သတိထားဖို့ လိုအပ်ပါတယ်။

    ဒါကြောင့်မို့ အလုပ်ရှာဖွေနေချိန်မှာ စိတ်မချရတဲ့ ❛𝐒𝐜𝐚𝐦𝐦𝐞𝐫❜ တွေကနေ ရှောင်နိုင်ဖို့ 𝐂𝐚𝐫𝐞𝐞𝐫 𝐋𝐢𝐧𝐤 ကနေ သတိထားရမယ့် အချက်လေးတွေကို မျှဝေပေးလိုက်ပါတယ်💙

    🛑ငွေကြေးတောင်းခံမှုများကို သတိထားပါ။

    အလုပ်လျှောက်ခ၊ သင်တန်းကြေး၊ 𝐁𝐚𝐜𝐤𝐠𝐫𝐨𝐮𝐧𝐝 𝐂𝐡𝐞𝐜𝐤 အတွက် ဒါမှမဟုတ် အလုပ်အတွက် လိုအပ်တဲ့ ပစ္စည်းဝယ်ခ စတဲ့ မည်သည့်ငွေကြေးကိုမဆို တောင်းခံလာပါက သေချာပေါက် ရှောင်ရှားသင့်ပါတယ်။ တကယ့် ကုမ္ပဏီတွေက ဝန်ထမ်းခေါ်ယူဖို့အတွက် ငွေကြေးတောင်းခံလေ့မရှိပါဘူး။

    🛑လွန်ကဲတဲ့ အခွင့်အလမ်းတွေကို သတိပြုပါ။

    အတွေ့အကြုံမရှိဘဲ လစာအများကြီးပေးတာ၊ အလုပ်နည်းနည်းပဲ လုပ်ရတာ၊ လွယ်ကူတဲ့ အလုပ်တွေကို လစာများများနဲ့ ကမ်းလှမ်းမှုမျိုးတွေက လွန်လွန်ကဲကဲကမ်းလှမ်းမှုမျိုးတွေက မဖြစ်နိုင်တာများလို့ ဝေးဝေးကနေသာ လှည့်ပြန်ခဲ့လိုက်ပါ။

    🛑ကိုယ်ရေးကိုယ်တာ အချက်အလက်များကို ကာကွယ်ပါ။

    အလုပ်အကိုင် ကမ်းလှမ်းမှု (𝐨𝐟𝐟𝐞𝐫) မရသေးခင် ဘဏ်အကောင့်၊ မှတ်ပုံတင် စတဲ့ ကိုယ်ရေးကိုယ်တာ အချက်အလက် အသေးစိတ်တွေကို ပေးဖို့ တောင်းဆိုလာပါက လုံးဝမပေးပါနဲ့။

    🛑ကုမ္ပဏီရဲ့ အချက်အလက်တွေကို သေချာစစ်ဆေးပါ။

    အလုပ်လျှောက်တော့မယ်ဆိုရင် ကုမ္ပဏီရဲ့ 𝐎𝐟𝐟𝐢𝐜𝐢𝐚𝐥 𝐖𝐞𝐛𝐬𝐢𝐭𝐞၊ 𝐒𝐨𝐜𝐢𝐚𝐥 𝐌𝐞𝐝𝐢𝐚 𝐏𝐚𝐠𝐞 တွေနဲ့ 𝐅𝐞𝐞𝐝𝐛𝐚𝐜𝐤 တွေကို သေချာစစ်ဆေးပါ။ ကုမ္ပဏီအကြောင်း အသေးစိတ်မပါတာ၊ ဆက်သွယ်ရန် လိပ်စာမရှိတာ၊ အလုပ်ဖော်ပြချက် မရှင်းလင်းတာ၊ အလုပ်တာဝန်တွေ၊ လိုအပ်တဲ့ 𝐒𝐤𝐢𝐥𝐥 တွေနဲ့ ကုမ္ပဏီအကြောင်းကို ရှင်းရှင်းလင်းလင်း မဖော်ပြဘဲ ရေးထားတာမျိုးဆိုရင် သတိထားသင့်ပါတယ်။

    🛑အလျင်စလို ဆုံးဖြတ်ခိုင်းခြင်းကို သတိပြုပါ။

    အလုပ်ကမ်းလှမ်းမှုကို ချက်ချင်းလက်ခံဖို့ ဒါမှမဟုတ် မြန်မြန်ဆန်ဆန် ဆုံးဖြတ်ချက်ချဖို့ ဖိအားပေးလာပါက သတိပြုပါ။ ကုမ္ပဏီတိုင်းမှာ ဝန်ထမ်းခန့်တဲ့ လုပ်ငန်းစဉ် 𝐇𝐢𝐫𝐢𝐧𝐠 𝐏𝐫𝐨𝐜𝐞𝐬𝐬 က အချိန်ယူရလေ့ရှိပါတယ်။

    𝐎𝐧𝐥𝐢𝐧𝐞 ပေါ်မှာ အလုပ်ရှာဖွေတဲ့အခါ အမြဲတမ်း သတိရှိနေမှ ကိုယ့်ရဲ့ အချက်အလက်တွေကို ကာကွယ်နိုင်ပြီး 𝐒𝐜𝐚𝐦𝐦𝐞𝐫 တွေရဲ့ ထောင်ချောက်ကနေ ရှောင်နိုင်မှာဖြစ်ပါတယ်။

    ယုံကြည်စိတ်ချရတဲ့ အလုပ်အကိုင် အခွင့်အလမ်းတွေကိုတော့ 𝐂𝐚𝐫𝐞𝐞𝐫 𝐋𝐢𝐧𝐤 မှာ စတင်ရှာဖွေလိုက်နော်💙

    🔗𝐂𝐚𝐫𝐞𝐞𝐫 𝐋𝐢𝐧𝐤 🔗
    ✨“𝐂𝐨𝐧𝐧𝐞𝐜𝐭𝐢𝐧𝐠 𝐃𝐫𝐞𝐚𝐦𝐬 𝐭𝐨 𝐃𝐞𝐬𝐭𝐢𝐧𝐢𝐞𝐬”✨

    🌐 𝐖𝐞𝐛𝐬𝐢𝐭𝐞 : 𝐰𝐰𝐰.𝐜𝐚𝐫𝐞𝐞𝐫𝐥𝐢𝐧𝐤𝐦𝐦.𝐜𝐨𝐦
    📨 𝐄𝐦𝐚𝐢𝐥 : 𝐣𝐨𝐛𝐬@𝐜𝐚𝐫𝐞𝐞𝐫𝐥𝐢𝐧𝐤𝐦𝐦.𝐜𝐨𝐦
    🛜 𝐕𝐢𝐛𝐞𝐫 : +𝟗𝟓𝟗 𝟖𝟗𝟖 𝟑𝟑 𝟔𝟔𝟖𝟖
    ☎️ 𝐇𝐨𝐭𝐥𝐢𝐧𝐞 : +𝟗𝟓𝟗 𝟖𝟗𝟖 𝟑𝟑 𝟔𝟔𝟖𝟖, +𝟗𝟓𝟗 𝟖𝟗𝟖 𝟑𝟑 𝟑𝟒𝟏𝟓, +𝟗𝟓𝟗 𝟔𝟕𝟐 𝟗𝟐 𝟗𝟗𝟗

Information
Contact Us
Dhama Yarzar Road, Building No (957), 5th Floor, Room (A), South Okkalapa Township, Yangon, Myanmar.