Job

Office Executive / Secretariat Officer - YEN-D Myanmar

Date Posted: Jun 23, 2026
Login to View Salary

Job Detail

  • Job Location:
    South Okkalapa, Yangon, Myanmar
  • Company:
  • Branch Name:
    YEN-D Myanmar
  • Type:
    Full Time/Permanent
  • Shift:
    Standard Business Hours
  • Positions:
    1
  • Experience:
    Mid Level
  • Gender:
    No Preference
  • Age Range:
    25 - 30
  • Apply Before:
    Jul 23, 2026

Email to Friend Add to Favourite Report Abuse Copy Link Share with facebook Share with linkedin

Job Description

  • အသင်းဝင် (Members) များထံသို့ လိုအပ်သော သတင်းအချက်အလက်များ၊ ကြေညာချက် (Announcements) များနှင့် အစည်းအဝေးဖိတ်ကြားစာ (Meeting Invitations) များကို Email နှင့် တခြား တရားဝင် လမ်းကြောင်းများမှ တစ်ဆင့် အချိန်မီ ပေးပို့ဆောင်ရွက်ရန်။
  • အသင်းဝင်များနှင့် Email Follow-up များ အမြဲမပြတ် ပြုလုပ်ပြီး၊ လိုအပ်သော အချက်အလက်များအား စနစ်တကျ စုဆောင်းခြင်းနှင့် ပြန်လည်ဆက်သွယ် ညှိနှိုင်းခြင်းများ ဆောင်ရွက်ရန်။
  • ပြင်ပမှလာရောက်သော ဖုန်းခေါ်ဆိုမှုများ၊ အီးမေးလ်များနှင့် ရုံးတွင်း ဆက်သွယ်မှု (Office Communications) များကို လက်ခံပြီး သက်ဆိုင်ရာ ကော်မတီ သို့မဟုတ် တာဝန်ရှိသူများထံ အဆင်ပြေချောမွေ့စွာ လွှဲပြောင်းချိတ်ဆက်ပေးရန်။
  • လစဉ်/အပတ်စဉ် ကျင်းပသော EC (Executive Committee) / MC (Management Committee) Meetings များသို့ မဖြစ်မနေ တက်ရောက်ပြီး၊ အစည်းအဝေး ဆွေးနွေးချက်များနှင့် ဆုံးဖြတ်ချက်များကို တိကျစွာ မှတ်တမ်းတင်ရန်။
  • အစည်းအဝေးမှတ်တမ်း (Meeting Minutes) များကို ပရော်ဖက်ရှင်နယ်ဆန်စွာ ပြုစုရေးသား၍ သက်ဆိုင်ရာ Management Group / ကော်မတီ (Committee) များထံ စနစ်တကျ ပြန်လည်ပေးပို့ရန်။
  • အစည်းအဝေး အစီအစဉ်များ (Meeting Schedules)၊ ချိန်းဆိုမှုများ (Appointments) နှင့် ပွဲ (Events) များကို ကြိုတင်စီစဉ် ညှိနှိုင်းပေးရန်။
  • အသင်း၏ Committee အသီးသီးမှ ချမှတ်ထားသော ညွှန်ကြားချက်များကို အတွင်းရေးမှူးအဖွဲ့ (Secretariat) နှင့် နီးကပ်စွာ ပူးပေါင်း၍ လက်တွေ့ အကောင်အထည်ဖော် ဆောင်ရွက်ရန်။
  • အသင်း၏ တရားဝင်ရုံးစာများ (Official Letters)၊ အကြောင်းကြားစာများ (Notices) နှင့် အစီရင်ခံစာများ (Reports) ကို မှန်ကန်သေသပ်စွာ ပြင်ဆင်ရေးသားရန်။
  • ရုံးသုံးအသုံးအဆောင်ပစ္စည်းများ (Office Supplies) နှင့် လိုအပ်သော ရုံးပိုင်ပစ္စည်းများကို စာရင်းဇယားဖြင့် စနစ်တကျ စီမံထိန်းသိမ်းရန်။
  • YEN-D Myanmar မှ ကြီးမှူးကျင်းပသော Events, Seminars, Workshops နှင့် စီးပွားရေးလေ့လာရေးခရီးစဉ် (Business Tours) များတွင် လိုအပ်သလို တက်ကြွစွာ ကူညီပံ့ပိုး ဆောင်ရွက်ရန်။
  • Management Team နှင့် ကော်မတီများမှ လုပ်ငန်းလိုအပ်ချက်အရ ပေးအပ်သော အခြားသော အထွေထွေ တာဝန်များကို သတ်မှတ်ထားသော အချိန်ကာလအတွင်း (Deadline) အမှီ ပြီးမြောက်အောင် ဆောင်ရွက်ရန်။
  • YEN-D Myanmar သည် လူငယ်စီးပွားရေးလုပ်ငန်းရှင်များ စုစည်းထားသည့် အသင်းဖြစ်သည့်အတွက် Office Executive / Secretariat Officer သည် Communication Skill (ဆက်ဆံရေး) နှင့် Digital Tools (ဥပမာ - Google Workspace, Zoom, Email Etiquette) များကို ပိုမိုကျွမ်းကျင်လာစေရန် အမြဲတစေ လေ့လာဆန်းသစ်နေရန်။

Requirements

  • တက္ကသိုလ်တစ်ခုခုမှ ဘွဲ့ရရှိထားသူ ဖြစ်ရမည်။ (Public Administration, Communications, Business Administration သို့မဟုတ် သက်ဆိုင်ရာ ဘာသာရပ်များဖြင့် ပညာသင်ကြားထားသူများကို ဦးစားပေးမည်။)
  • Office Administration, Executive Assistant, Secretary, Secretariat, Administration Officer (သို့) သက်ဆိုင်ရာ လုပ်ငန်းနယ်ပယ်တွင် အနည်းဆုံး (၁) နှစ်မှ (၃) နှစ်အထိ လုပ်ငန်းအတွေ့အကြုံရှိသူ ဖြစ်ရမည်။
  • မြန်မာဘာသာနှင့် အင်္ဂလိပ်ဘာသာ နှစ်မျိုးစလုံးဖြင့် Email များ၊ တရားဝင်စာများ (Official Letters)၊ အစီရင်ခံစာများ (Reports) နှင့် အစည်းအဝေးမှတ်တမ်းများ (Meeting Minutes) ကို ပရော်ဖက်ရှင်နယ်ကျကျ ရေးသားနိုင်သူ ဖြစ်ရမည်။
  • ကောင်းမွန်သော Communication, Interpersonal နှင့် Coordination Skills များရှိပြီး အသင်းဝင်များ၊ ကော်မတီများ၊ Stakeholders များနှင့် ထိရောက်စွာ ဆက်သွယ်ပူးပေါင်း ဆောင်ရွက်နိုင်သူ ဖြစ်ရမည်။
  • အစည်းအဝေးများ၊ ချိန်းဆိုမှုများ၊ လုပ်ငန်းအစီအစဉ်များနှင့် Event များကို စနစ်တကျ စီစဉ်ခန့်ခွဲနိုင်ပြီး Follow-up ပြုလုပ်နိုင်သူ ဖြစ်ရမည်။
  • Microsoft Office နှင့် Google Workspace တို့ကို ကျွမ်းကျင်စွာ အသုံးပြုနိုင်သူ ဖြစ်ရမည်။
  • Zoom, Google Meet နှင့် အခြား Online Collaboration Tools များကို အသုံးပြုနိုင်ပြီး Virtual Meetings များကို စီမံခန့်ခွဲနိုင်သူ ဖြစ်ရမည်။
  • Documentation, Record Keeping နှင့် Data Management ပိုင်းများကို စနစ်တကျ ဆောင်ရွက်နိုင်သူ ဖြစ်ရမည်။
  • Seminars, Workshops, Networking Events နှင့် အခြားအသင်း၏ လုပ်ငန်းဆိုင်ရာ Activities များတွင် တက်ကြွစွာ ပါဝင်ကူညီဆောင်ရွက်နိုင်သူ ဖြစ်ရမည်။
  • အသေးစိတ်အချက်အလက်များကို ဂရုတစိုက် ဆောင်ရွက်နိုင်သူဖြစ်ပြီး သတ်မှတ်ထားသော အချိန်ကာလ (Deadline) အတွင်း လုပ်ငန်းတာဝန်များကို အောင်မြင်စွာ ပြီးမြောက်အောင် ဆောင်ရွက်နိုင်သူ ဖြစ်ရမည်။
  • Teamwork စိတ်ဓာတ်ကောင်းမွန်ပြီး Management Team၊ Executive Committee နှင့် Committee Members များနှင့် ပူးပေါင်းလုပ်ကိုင်နိုင်သူ ဖြစ်ရမည်။
  • သင်ယူလိုစိတ်ရှိပြီး Administration, Communication နှင့် Digital Skills များကို စဉ်ဆက်မပြတ် လေ့လာဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်လိုသူ ဖြစ်ရမည်။
  • Organizational Events, Member Networking Sessions, Committee Meetings နှင့် အခြားသော Official Activities များ၏ လိုအပ်ချက်အရ ရုံးချိန်ပြင်ပ၊ ညနေပိုင်း (သို့) ရုံးပိတ်ရက်များတွင် လုပ်ငန်းတာဝန်များကို လိုက်လျောညီထွေစွာ ဆောင်ရွက်နိုင်သူ ဖြစ်ရမည်။

Company Overview

South Okkalapa, Yangon, Myanmar

Young Entrepreneur Network Development Association (YEN-D Myanmar) is a non-profit organization dedicated to supporting and empowering young entrepreneurs across Myanmar. The association serves as a platform for networking, knowledge sharing, busines... Read More

Related Jobs

Information
Contact Us
Dhama Yarzar Road, Building No (957), 5th Floor, Room (A), South Okkalapa Township, Yangon, Myanmar.